May you be happy and healthy for visiting to my home !
Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Women in North Korea

Women in North Korea

In light of the death of North Korean’s inscrutable leader, Kim Jong Il, who died of a heart attack last Saturday, we take a look into the lives of women in the democratic country that we hear so little about.
Women in North Korea
Photo: tumblr.com/Pinterest
Regarded as one of the world’s most-repressive leaders abroad, Kim Jong Il is strangely revered by the people of North Korea.
Of the most poignant and widely publicised accounts of women exploitation and brutality in North Korea; where women were made sex slaves for the Japanese military – a notorious practice carried out by Kim Il Sung and Kim Jong Il. These women suffered at the hands of the Japanese troops and many did not survive the ordeal while others suffered profound psychological effects.
In traditional Korean society, many women are illiterate and have never received formal education. Things began to change in the late 19th century when Korea was open to foreign contact. Christian missionaries started settling in and establishing girls’ schools, hence giving Korean girls an opportunity for education.
Historically, back in the Chosn Dynasty, women were typically given the role to ensure the continuation of the family line. They are expected to give birth to and raise male heirs for the household. Women had few opportunities to participate in the social, economic, or political life of society. However, there were a few exceptions to boundaries imposed on women’s positions. For example, female shamans were engaged to cure illnesses by exorcising evil spirits, to pray for rain during droughts, or to perform divination and fortune telling.
North Korea underwent several significant reforms, which totally changed the social and family structures after the liberation from Japan in 1945. On July 30, 1946, authorities from north of the 38th parallel passed a Sex Equality Law. The 1972 constitution declared “women hold equal social status and rights with men.”
Fast forward to the modern-day North Korea, women are fully expected to participate in the work force outside the home. In view of the nation’s labour shortage, women’s employment was considered an essential asset to the country’s economy.
Despite such positive examples, however, it appears that women are far from being fully liberated. Sons are still clearly favoured over daughters. Women are still expected to contribute to the labour force whilst taking care of the household and raising of children.
With the passing of Kim Jong Il, his youngest son, Kim Jong Un will succeed his father as the country’s leader. The question here therefore lies on everyone’s mind: what will happen next?
Only time will tell.
source;
http://www.venusbuzz.com/archives/2681/women-in-north-korea/

အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့် မြန်မာ့ပညာရေး


ဦးသိန်းစိန်အစိုးရ အာဏာရယူလာကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး နယ်ပယ်မှာ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ နှစ် ၂၀ ကျော် ဓားမိုး အုပ်ချုပ်နေစဉ် ကာလအတွင်းမှာ ဒေသတွင်းနှင့် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ ပြောင်းလဲကုန်ပါတယ်။ ဆယ်စုနှစ် နှစ်ခုအကုန်မှာ တရုတ်က ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။ အာဆီယံ ဒေသတွင်းက နိုင်ငံအချို့တွေဟာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ ကမ္ဘာ့ရေစီးကြောင်းထဲမှာ မျောနေကြပါပြီ။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ ဒေသစီးပွားရေး အသိုက်အ၀ိုင်းအတွက် ပြင်ဆင်လာကြတာကို တွေ့နေရပါတယ်။ Asean Economic Community ဖြစ်ပေါ်လာမယ်ဆိုရင် အကန့်အသတ် လျော့ကျလာမယ့် ပြည်ဝင်ခွင့်တွေကြောင့် လုပ်သားအင်အားစု ပြောင်းရွေ့မှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
လုပ်သားအင်အား ပြောင်းရွေ့မှုတွေနဲ့အတူ မိမိနိုင်ငံတွင်းမှာရှိတဲ့ လုပ်သားတွေ အနေနဲ့လည်း အလုပ်အကိုင်ရရှိရေး နယ်ပယ်မှာ စိတ်ခေါ်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့၊ မလေးရှား၊ ဗီယက်နာမ်၊ ထိုင်းနိုင်ငံတွေမှာ ပညာရေးအခန်းကဏ္ဍကို ပြင်ဆင်လာတာကို တွေ့ရပါတယ်။
ဆီမီယို အဖွဲ့ (Asian Ministers of Education Organisation - Seameo) ဟာ အာရှဒေသမှာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ် တွေမှာ တိုးတက်မှုတွေ ရရှိလာအောင် သင်တန်းနှင့် အသိပညာဆိုင်ရာတွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အာရှဒေသတွင်းမှာ ဆီမီယိုဌာနတွေဖွင့်ထားတာ ၁၉ ခုရှိပါတယ်။
ထိုင်းပညာရေးဌာန အတွင်းဝန် Sasithara Pichaichannarong က လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အ၀ိုင်း နှင့်ကိုက်ညီမယ့် ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ The Nation သတင်းစာကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ကို Asean Economic Commnity နှင့် ကိုက်ညီအောင် ပြုပြင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံ ဒေသတွင်းမှာ ရှိတဲ့ ဆီမီယို ဌာနတွေ အနေနဲ့လည်း ဘာတွေလုပ်ခဲ့တယ် ဆိုတာထက် ဖြစ်ပေါ်လာမယ့် ဒေသတွင်းနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် ပညာရေး ကိစ္စကို အလေးပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာစီယံ ဒေသတွင်းမှာ စီးပွားရေးအသိုက်အ၀ိုင်းနှင့်အတူ ပညာရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု တွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ Asean University Network (AUN) အာဆီယံ တက္ကသိုလ်များ ကွန်ယက်ကို ဖွဲ့စည်းပြီးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လုပ်လာတာကို တွေ့ရပါတယ်။ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးတွေကို လုပ်ဆောင်ဖို့ ဆော်သြလာတာကို ကြည့်ရင် ဒေသတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေ အတွက် ပညာရေးစနစ်ကို ပြုပြင်လာတာကို တွေ့ရပါတယ်။
Asean China Youth Caring and Sharing Programme အာဆီယံ၊ တရုတ် လူငယ်ဖလှယ်ရေး အစီအစဉ်ကို ထိုင်းနိုင်ငံမှာ ကျင်းပပြီး အာဆီနိုင်ငံတွေက ကျောင်းသားတွေနဲ့ တရုတ် ကျောင်းသားတွေ အပြန်အလှန် လဲလှယ်မှုတွေ ပြုလုပ်ကြတော့မှာဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံကြား ကျောင်းသား အပြန်အလှန် လှဲလှယ်မှုမှာ ဦးရေတသိန်းထိ ပါဝင်လာဖို့ရည်မှန်းထားကြပါတယ်။ ဖြစ်ပေါ်လာမယ့် အနာဂတ်ကို ရင်ဆိုင်ဖို့ နည်းပညာ တခုတည်းမဟုတ်ဘဲ လူသားအချင်းချင်းကြား နားလည်မှုတွေနဲ့ တည်ဆောက်မယ့် ကမ္ဘာ့လူ့မှု အသိုက်အမြုံလို့တောင် ခေါ်နိုင်ပါတယ်။
ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အတွက် တက္ကသိုလ်တွေကလည်း အခြားနိုင်ငံတခုက ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ် နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ “ဆရာများ သမဂ္ဂ” ကလည်း သီးခြားစီမံကိန်းတွေနဲ့ AEC ကိုရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အစွန်အဖျားမှာ တည်ရှိတဲ့ မဲဆောက် အထက်တန်းကျောင်းဆိုရင် အာရှ၊ လက်တင်အမေရိက၊ ဥရောပနှင့် မြောက်အမေရိက ကျောင်းတွေနဲ့ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးကို စတင်နေပါပြီ။
နိုင်ငံတခုရဲ့ ပညာရေးအဆင့်အတန်းကို သိချင်ရင် အဲဒီနိုင်ငံက နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုမှာ ပညာရေးအတွက် ဘယ်အထိ သုံးထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ထိုင်းနိုင်ငံက ပညာရေး ဘတ်ဂျက်ကို အမြင့်ဆုံးသုံးပြီး လာမယ့်အနာဂါတ် အတွက်ပြင်ဆင်နေတာပါ။ ၂၀၁၁ ခုနှစ် ပြည်သူ့လွတ်တော် အစည်းအဝေးမှာ ကျောင်းဆရာများ သမဂ္ဂဖွဲ့စည်းခွင်းကို တင်ပြရာမှာ မြန်မာနိုင်ငံပညာရေး ဒုဝန်ကြီးက မလိုအပ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
အခုတလော နိုင်ငံရေးတွေနဲ့ အပြိုင် ကျယ်ကျယ်လောင် ပေါ်ထွက်လာတာက ခေတ်မမှီတော့တဲ့ မြန်မာ့ညာရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဆော်သြလာတာကို တွေ့ရပါတယ်။ အစိုးရနှင့် တတ်သိပညာရှင်တွေ ထပ်တူကျတဲ့ အမြင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဘယ်လိုပြောင်းလဲ မလဲဆိုတဲ့အချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။
နိုင်ငံတော် ဘတ်ဂျက် ခွဲဝေမှုမှာ စစ်တပ်အသုံးစရိတ်က အမြင့်ဆုံး သုံးလာတာတဲ့ အတွက် မြန်မာဟာ စီးပွားရေးနှင့် ပညာရေးမှာ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တွေနဲ့ တန်းတူအဆင့် ရောက်သွားပါတယ်။
ရွာအမှု ကျောင်းကိုပတ် ဆိုသလို တိုင်းပြည်ဆင်းရဲတော့ တိုင်းပြည်အမှုက ဘုန်းကြီးကျောင်းတွေကို ပတ်လာပါတယ်။ ဘက လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးတွေ အလျှိုအလျှို ပေါ်ပေါက်လာပါတော့တယ်။ ဘုန်းကြီးတွေလည်း မနေသာတော့ တိုင်းပြည်အရေးမို့ ၀င်ပါလာရတယ်။ အသိပညာ အတတ်ပညာရှင်တွေ ရှားပါးမှုက ဒေသတွင်းမှာ ရှက်စရာလို ဖြစ်လာပါတယ်။
အာဆီယံဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေကို သူ့နိုင်ငံသား ပညာရှင်တွေက ပညာရပ်ဆိုင်ရာ စာတမ်းတွေ၊ စတုတ္ထမဏ္ဍိုင်နှင့် ပညာရှင်ဆိုင်ရာ နယ်ပယ်တွေမှာ ကျယ်ကျယ်လောင်လောင် တင်ပြလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာပညာရှင်တွေ ရေးသားတဲ့ ဒေသတွင်းနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ စာတမ်းက မရှိသလောက် ရှားပါးပါတယ်။ ဒီလက္ခဏာတွေက ရင်လေးစရာ တိုင်းပြည်အနာဂါတ်ကို မြင်မိပါတယ်။
လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြိုင် ပညာရေးပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် မြန်မာ့လူမျိုးက လူမျိုးခြားတွေရဲ့ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရအုံးမှာပါ။ နိုင်ငံရဲ့ သဘာဝအရင်း အမြစ်ကို ရောင်းစားလာတာ နှစ်ပေါင်း ၆၀ ကျော်တာတောင် မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် ပိုင်ဆိုင်မှုမှာ ကမ္ဘာ့ ထိပ်တန်း ၀င်နေတုန်းဖြစ်ကြောင်း သုတေသန စာတမ်း တခုမှာတွေ့ရပါတယ်။
အဲဒီအရင်း အမြစ်တွေဆိုတာ မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုးတွေ များပါတယ်။ အရင်းအမြစ်တွေ ကြောင့် အနိဌာရုံတွေ ပေါ်ပေါက်ခဲ့သလို၊ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ အရင်းအမြစ်ကို စနစ်တကျ သုံးစွဲနိုင်တဲ့ ပညာရှိဖို့လိုအပ်ပါတယ်။
လက်ရှိအစိုးရရဲ့ သက်တမ်းမှာ မြန်မာက အာဆီယံ ဥက္ကဌ ဖြစ်လာတော့မှာပါ။ တနှစ်အတွင်း ဒေသဆိုင်ရာ အစည်းအဝေးနှင့် ဆွေနွေးမှု ပေါင်းစုံ (၇၀၀) ကျော်ကို လက်ခံကျင်းပပေးရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးရာမှာ ဘယ်မြန်မာပညာရှင်တွေက ဦးဆောင်ကြမလဲ ဆိုတာ ပိတ်ကားပေါ်မှာ မကြာခင်မြင်ရတော့မှာ ဖြစ်ပါတယ်။
ဒေသတွင်းနှင့် နိုင်ငံတကာမှာ အဆင့်အတန်းမှီ နိုင်ငံတခု ဖြစ်လာရေး ဘယ်လို ပညာရေးနဲ့ ရင်ဆိုင်မလဲ၊ ရွာအမှုကျောင်းကိုပတ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးနဲ့ဘဲ ရင်ဆိုင်မလား၊ ခေတ်မှီ ပညာရေးစနစ်နဲ့ ရင်ဆိုင်မလား လက်ရှိအစိုးရနှင့် အတိုက်အခံတွေ အလေးထား စဉ်းစားရမယ့် အချိန် ဖြစ်တယ်လို့ ကောက်ချက်ဆွဲမိပါတယ်။
မောင်ရမ္မာ
Sources; Thais take lead on education in AEC



မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။
စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးမှ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လည်း ဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင် စင်္ကာပူမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိ။ ကွန်မြူနစ်တွေ ခေါင်းထောင်နေချိန် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်တွေနဲ့ တဲအိမ်တွေသာ ပြည့်နေသည်။ ဒါပေမဲ့ လီကွမ်ယူရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူဟာ မီးပုံထဲက ထပျံတဲ့ ဖီးနစ်ငှက်လို ထူးဆန်းစွာ နိုးထလာနိုင်ခဲ့သည်။
စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက် အစိုးရအဖွဲ့ good governance ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့ပြီး၊ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ အထိဖြစ်သည်။
ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အရ ကမ္ဘာ့အဆင့်မှာ စင်္ကာပူက နံပါတ် (၂ ) ရှိသည်ဟု Freedom House နောက်ဆုံးအစီရင်ခံစာက ဖော်ပြသည်။
၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် မွေးဖွားလာတဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် စီးပွားရေး အောင်မြင်မှု ဒီလောက်ဖြစ်လာရသလဲ။
အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။
(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု
(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။

ခြင်္သေ့မြို့တော်ရဲ့ ပညာရေး ၇ ချက်
ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။ စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်က ကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားသည်။
ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင်၊ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်ဖို့ ပုံအောအားပေးသည်။ ပညာရေးကို အရည်အသွေးမြင့်အောင် အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့် စင်္ကာပူက ကမ္ဘာ့ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်း ဖြစ်သည်။
နောက် အရေးပါတဲ့ ဒုတိယအချက်က စင်္ကာပူလူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသော စိတ်နှင့် တီထွင်ဖန်တီးမှု အကြား ဆက်နွယ်မှု (the relationship between multilingual mind and creativity) ရှိတာကို အနောက်နိုင်ငံတွေကနေ စင်္ကာပူက သင်ခန်းစာယူထားသည်။ စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် ဒေသိယဘာသာစကား မျိုးစုံ အသုံးပြုသလို၊ ကျောင်းသားတွေက ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။
တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အကယ်ဒမစ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးရလဒ်ထွက်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာ အားကောင်းတဲ့ အမေရိက၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာသင်ပေးသည်။
စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးခြင်း ဖြစ်သည်။
ပဉ္စမအချက်က အစိုးရ ပေါ်လစီမှာ အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးစားပေးခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။
ဆဌမအချက်က ဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကို အသုံးချနိုင်ခြင်း ဖြစ်သည်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်မှုတို့က အဓိကကျသည်။ မလေးရှားနဲ့ ထိုင်းတို့မှာ အလားတူ လုပ်ငန်းတွေရှိပေမဲ့၊ စင်္ကာပူရဲ့ အဓိကအားသာချက်က အာရှ ပိစိဖိတ်ဒေသနိုင်ငံတွေအနက် အင်္ဂလိပ်စာကို အကောင်းဆုံးပြောနိုင်တဲ့ ၄င်းလူထု ရှိနေခြင်း ဖြစ်သည်။ (ထိုင်းနိုင်ငံရဲ့ အဓိက အားသာချက်ကတော့ လုပ်သားအင်အား ဈေးသက်သာခြင်းနှင့် နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာအများအပြား ရှိခြင်း ဖြစ်သည်။)
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က စင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေ ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှု မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒါ့အပြင် စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက် အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Yale- NUS လစ်ဘရယ်ပညာရေး ကောလိပ်ကို ဖွင့်ထားသည်။
အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်မှုတို့ကြောင့်ဟု ပညာရှင်များက သုံးသပ်ကြသည်။
ဝင့်ထန်း
ရည်ညွှန်း; The Nation