ပါကစ္စတန်မှာ စာမတတ်သော ကလေး များပြား

ပါကစ္စတန်ရှိ ကလေးငယ် ၅၈ ရာခိုင်နှုန်းမှာ အူရဒူဘာသာကို မဖတ်တတ်သည့်အပြင် ၇၅ ရာခိုင်နှုန်းမှာ အင်္ဂလိပ်ဘာသာကို မဖတ်နိုင်ကြောင်း တောင်အာရှပညာရေးဖွံ့ဖြိုးမှု ဖေါ်ရမ်၊ Open Spciety Institute ၊ လူသားများဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားကော်မရှင်တို့ ပြုလုပ်သည့် သုတေသန စစ်တမ်းအရ သိရှိရသည်။
ပါကစ္စတန်နိုင်ငံရှိ ခရိုင် ၈၅ ခုတွင် ကျောင်းနေအရွယ် ၅-၁၆ နှစ်ကလေးများကို စစ်တမ်း ကောက်ယူခဲ့ရာ ကလေးငယ်အများစုမှာ နှစ်တန်းအဆင့်ရှိ အူရဒူ ဘာသာစကားကိုပင် မဖတ်နိုင်သည့်အပြင် အင်္ဂလိပ်ဘာသာစကားနှင် သင်္ချာဘာသာတို့၏ အခြေခံကိုပင် နားမလည်ကြောင်း တွေ့ရှိရသည်။
ကလေးငယ် ၄၁ ရာခိုင်နှုန်းမှာ ဒေသဆိုင်ရာဘာသာ စကားနှင့် အူရဒူ ဘာသာကို ဖတ်နိုင်ပြီး ၂၅.၈ ရာခိုင်နှုန်းသာလျင် အင်္ဂလိပ်ဘာသာ စကားကို ဖတ်နိုင်သည်။ ကလေးငယ် ၄၀.၁ ရာခိုင်နှုန်းသာ ကဏန်းနှစ်လုံး အပေါင်း ၊ အနှုတ်၊ အမြှေက်အစားကို တတ်မြောက်ပြီး၂၃.၆ ရာခိုင်နှုန်းသာလျင် ကဏန်းသုံးလုံးပေါင်းကို တွက်ချက်နိုင်သည်။
အသက် ၃-၅ နှစ်အကြား ကလေးငယ် ၅၇.၃ ရာခိုင်နှုန်းသည် မူကြိုအဆင့်ပင် တက်ရောက်နိုင်မရှိသည့် အပြင် ကျောင်းနေချိန် ၅ နှစ်အရွယ် ၃၂.၃ ရာခိုင်နှုန်းမှာလည်း ပညာသင်ကြားခြင်းနိုင်ခြင်း မရှိကြောင်း တွေ့ရသည်။ ကျောင်းမနေရသည့် ကလေးငယ် ၅၂.၇ ရာခိုင်နှုန်းသည် မိန်းကလေးငယ်များ ဖြစ်ကြောင်း တွေ့ရသည်။ ပါကစ္စတန် ဖယ်ဒရယ် ၀န်ကြီး Riaz Hussain Pirzada, မှပါကစ္စတန် ပညာရေးသည် ဆိုးရွားနေဆဲ ဖြစ်ပြီး ထောင်စုနှစ်ပညာရေး ရည်မှန်းချက်ကို ပြည့်မှီနိုင်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
ပါကစ္စတန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် အသက် ၅-၁၆ နှစ်ကလေးများသည် ပညာ မသင်မနေရ ပြဌာန်းထားသော်လည်း အများစုမှာ ပညာသင်ကြားနိုင်ခြင်းမရှိဘဲ ကျောင်းပညာမသင်ကြားနိုင်သည့် ကလေးအများစုမှာ မိန်းကလေးများ ဖြစ်ကြောင်း ယူနက်စကို၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စောပြည့်ညို
Sources; 75% of Pakistani children unable to read English
0 comments:
Post a Comment