May you be happy and healthy for visiting to my home !


Maria Jose Cristerna, Mexican Vampire Woman




Maria Jose Cristerna became the ‘Most Unusual Woman in the World’ last week after being given the title by Ripley’s Believe it or Not. Cristerna claims to be a vampire and has implanted multiple metal horns in her head along with sharp teeth which protrude like fangs from her mouth. via Buzzaurus.
Maria Jose Cristerna the Vampire Woman02 Maria Jose Cristerna, Mexican Vampire Woman
Maria Jose Cristerna the Vampire Woman09 Maria Jose Cristerna, Mexican Vampire Woman
Maria Jose Cristerna the Vampire Woman08 Maria Jose Cristerna, Mexican Vampire Woman

အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့် မြန်မာ့ပညာရေး


ဦးသိန်းစိန်အစိုးရ အာဏာရယူလာကတည်းက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး လူမှုရေး စီးပွားရေး နယ်ပယ်မှာ တော်တော် ပြောင်းလဲလာတာတွေ့ရပါတယ်။
မြန်မာ့နိုင်ငံရေးရဲ့ နှစ် ၂၀ ကျော် ဓားမိုး အုပ်ချုပ်နေစဉ် ကာလအတွင်းမှာ ဒေသတွင်းနှင့် ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေ ပြောင်းလဲကုန်ပါတယ်။ ဆယ်စုနှစ် နှစ်ခုအကုန်မှာ တရုတ်က ကမ္ဘာ့အင်အားကြီး နိုင်ငံအဖြစ်ကို ရောက်ရှိလာပါတယ်။ အာဆီယံ ဒေသတွင်းက နိုင်ငံအချို့တွေဟာလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်တွေမှာ ကမ္ဘာ့ရေစီးကြောင်းထဲမှာ မျောနေကြပါပြီ။
လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ ဒေသစီးပွားရေး အသိုက်အ၀ိုင်းအတွက် ပြင်ဆင်လာကြတာကို တွေ့နေရပါတယ်။ Asean Economic Community ဖြစ်ပေါ်လာမယ်ဆိုရင် အကန့်အသတ် လျော့ကျလာမယ့် ပြည်ဝင်ခွင့်တွေကြောင့် လုပ်သားအင်အားစု ပြောင်းရွေ့မှုတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
လုပ်သားအင်အား ပြောင်းရွေ့မှုတွေနဲ့အတူ မိမိနိုင်ငံတွင်းမှာရှိတဲ့ လုပ်သားတွေ အနေနဲ့လည်း အလုပ်အကိုင်ရရှိရေး နယ်ပယ်မှာ စိတ်ခေါ်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့၊ မလေးရှား၊ ဗီယက်နာမ်၊ ထိုင်းနိုင်ငံတွေမှာ ပညာရေးအခန်းကဏ္ဍကို ပြင်ဆင်လာတာကို တွေ့ရပါတယ်။
ဆီမီယို အဖွဲ့ (Asian Ministers of Education Organisation - Seameo) ဟာ အာရှဒေသမှာ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ် တွေမှာ တိုးတက်မှုတွေ ရရှိလာအောင် သင်တန်းနှင့် အသိပညာဆိုင်ရာတွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အာရှဒေသတွင်းမှာ ဆီမီယိုဌာနတွေဖွင့်ထားတာ ၁၉ ခုရှိပါတယ်။
ထိုင်းပညာရေးဌာန အတွင်းဝန် Sasithara Pichaichannarong က လာမယ့် ၂၀၁၅ ခုနှစ်မှာ ဖြစ်ပေါ်လာမယ့် အာဆီယံ စီးပွားရေးအသိုက်အ၀ိုင်း နှင့်ကိုက်ညီမယ့် ပြင်ဆင်မှုတွေ မရှိသေးဘူးလို့ The Nation သတင်းစာကြီးနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ကို Asean Economic Commnity နှင့် ကိုက်ညီအောင် ပြုပြင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အာဆီယံ ဒေသတွင်းမှာ ရှိတဲ့ ဆီမီယို ဌာနတွေ အနေနဲ့လည်း ဘာတွေလုပ်ခဲ့တယ် ဆိုတာထက် ဖြစ်ပေါ်လာမယ့် ဒေသတွင်းနဲ့ လိုက်လျော ညီထွေ ဖြစ်မယ့် ပညာရေး ကိစ္စကို အလေးပေးသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
အာစီယံ ဒေသတွင်းမှာ စီးပွားရေးအသိုက်အ၀ိုင်းနှင့်အတူ ပညာရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု တွေလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ Asean University Network (AUN) အာဆီယံ တက္ကသိုလ်များ ကွန်ယက်ကို ဖွဲ့စည်းပြီးအပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို လုပ်လာတာကို တွေ့ရပါတယ်။ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးတွေကို လုပ်ဆောင်ဖို့ ဆော်သြလာတာကို ကြည့်ရင် ဒေသတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြောင်းလဲမှုတွေ အတွက် ပညာရေးစနစ်ကို ပြုပြင်လာတာကို တွေ့ရပါတယ်။
Asean China Youth Caring and Sharing Programme အာဆီယံ၊ တရုတ် လူငယ်ဖလှယ်ရေး အစီအစဉ်ကို ထိုင်းနိုင်ငံမှာ ကျင်းပပြီး အာဆီနိုင်ငံတွေက ကျောင်းသားတွေနဲ့ တရုတ် ကျောင်းသားတွေ အပြန်အလှန် လဲလှယ်မှုတွေ ပြုလုပ်ကြတော့မှာဖြစ်ပါတယ်။ အာဆီယံနဲ့ တရုတ်နိုင်ငံကြား ကျောင်းသား အပြန်အလှန် လှဲလှယ်မှုမှာ ဦးရေတသိန်းထိ ပါဝင်လာဖို့ရည်မှန်းထားကြပါတယ်။ ဖြစ်ပေါ်လာမယ့် အနာဂတ်ကို ရင်ဆိုင်ဖို့ နည်းပညာ တခုတည်းမဟုတ်ဘဲ လူသားအချင်းချင်းကြား နားလည်မှုတွေနဲ့ တည်ဆောက်မယ့် ကမ္ဘာ့လူ့မှု အသိုက်အမြုံလို့တောင် ခေါ်နိုင်ပါတယ်။
ထိုင်းနိုင်ငံက ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အတွက် တက္ကသိုလ်တွေကလည်း အခြားနိုင်ငံတခုက ပညာရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ် နိုင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ “ဆရာများ သမဂ္ဂ” ကလည်း သီးခြားစီမံကိန်းတွေနဲ့ AEC ကိုရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အစွန်အဖျားမှာ တည်ရှိတဲ့ မဲဆောက် အထက်တန်းကျောင်းဆိုရင် အာရှ၊ လက်တင်အမေရိက၊ ဥရောပနှင့် မြောက်အမေရိက ကျောင်းတွေနဲ့ ကျောင်းသား အပြန်အလှန် ဖလှယ်ရေးကို စတင်နေပါပြီ။
နိုင်ငံတခုရဲ့ ပညာရေးအဆင့်အတန်းကို သိချင်ရင် အဲဒီနိုင်ငံက နိုင်ငံတော်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုမှာ ပညာရေးအတွက် ဘယ်အထိ သုံးထားတာကို ကြည့်ရင် သိနိုင်ပါတယ်။ ထိုင်းနိုင်ငံက ပညာရေး ဘတ်ဂျက်ကို အမြင့်ဆုံးသုံးပြီး လာမယ့်အနာဂါတ် အတွက်ပြင်ဆင်နေတာပါ။ ၂၀၁၁ ခုနှစ် ပြည်သူ့လွတ်တော် အစည်းအဝေးမှာ ကျောင်းဆရာများ သမဂ္ဂဖွဲ့စည်းခွင်းကို တင်ပြရာမှာ မြန်မာနိုင်ငံပညာရေး ဒုဝန်ကြီးက မလိုအပ်ဘူးလို့ ပြန်လည်ဖြေကြားခဲ့တာကို တွေ့ရပါတယ်။
အခုတလော နိုင်ငံရေးတွေနဲ့ အပြိုင် ကျယ်ကျယ်လောင် ပေါ်ထွက်လာတာက ခေတ်မမှီတော့တဲ့ မြန်မာ့ညာရေး စနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဆော်သြလာတာကို တွေ့ရပါတယ်။ အစိုးရနှင့် တတ်သိပညာရှင်တွေ ထပ်တူကျတဲ့ အမြင်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာ့ပညာရေး စနစ်ကို ပြုပြင်ပြောင်းလဲတော့မယ် ဆိုရင် ဘယ်လိုပြောင်းလဲ မလဲဆိုတဲ့အချက်က စိတ်ဝင်စားစရာ ကောင်းပါတယ်။
နိုင်ငံတော် ဘတ်ဂျက် ခွဲဝေမှုမှာ စစ်တပ်အသုံးစရိတ်က အမြင့်ဆုံး သုံးလာတာတဲ့ အတွက် မြန်မာဟာ စီးပွားရေးနှင့် ပညာရေးမှာ ဆိုမာလီနှင့် အာဖဂန်နစ္စတန်တွေနဲ့ တန်းတူအဆင့် ရောက်သွားပါတယ်။
ရွာအမှု ကျောင်းကိုပတ် ဆိုသလို တိုင်းပြည်ဆင်းရဲတော့ တိုင်းပြည်အမှုက ဘုန်းကြီးကျောင်းတွေကို ပတ်လာပါတယ်။ ဘက လို့ခေါ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးတွေ အလျှိုအလျှို ပေါ်ပေါက်လာပါတော့တယ်။ ဘုန်းကြီးတွေလည်း မနေသာတော့ တိုင်းပြည်အရေးမို့ ၀င်ပါလာရတယ်။ အသိပညာ အတတ်ပညာရှင်တွေ ရှားပါးမှုက ဒေသတွင်းမှာ ရှက်စရာလို ဖြစ်လာပါတယ်။
အာဆီယံဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြောင်းလဲမှုတွေကို သူ့နိုင်ငံသား ပညာရှင်တွေက ပညာရပ်ဆိုင်ရာ စာတမ်းတွေ၊ စတုတ္ထမဏ္ဍိုင်နှင့် ပညာရှင်ဆိုင်ရာ နယ်ပယ်တွေမှာ ကျယ်ကျယ်လောင်လောင် တင်ပြလာတာကို တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာပညာရှင်တွေ ရေးသားတဲ့ ဒေသတွင်းနဲ့ ပတ်သက်တဲ့ ပညာရပ်ဆိုင်ရာ စာတမ်းက မရှိသလောက် ရှားပါးပါတယ်။ ဒီလက္ခဏာတွေက ရင်လေးစရာ တိုင်းပြည်အနာဂါတ်ကို မြင်မိပါတယ်။
လက်ရှိနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အပြိုင် ပညာရေးပြုပြင်ပြောင်းလဲမှု မလုပ်နိုင်ရင် မြန်မာ့လူမျိုးက လူမျိုးခြားတွေရဲ့ လွှမ်းမိုးချယ်လှယ်မှုကို ခံနေရအုံးမှာပါ။ နိုင်ငံရဲ့ သဘာဝအရင်း အမြစ်ကို ရောင်းစားလာတာ နှစ်ပေါင်း ၆၀ ကျော်တာတောင် မြန်မာနိုင်ငံက သဘာဝ အရင်းအမြစ် ပိုင်ဆိုင်မှုမှာ ကမ္ဘာ့ ထိပ်တန်း ၀င်နေတုန်းဖြစ်ကြောင်း သုတေသန စာတမ်း တခုမှာတွေ့ရပါတယ်။
အဲဒီအရင်း အမြစ်တွေဆိုတာ မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုးတွေ များပါတယ်။ အရင်းအမြစ်တွေ ကြောင့် အနိဌာရုံတွေ ပေါ်ပေါက်ခဲ့သလို၊ ပေါ်ပေါက်နေဆဲ ဖြစ်ပါတယ်။ အရင်းအမြစ်ကို စနစ်တကျ သုံးစွဲနိုင်တဲ့ ပညာရှိဖို့လိုအပ်ပါတယ်။
လက်ရှိအစိုးရရဲ့ သက်တမ်းမှာ မြန်မာက အာဆီယံ ဥက္ကဌ ဖြစ်လာတော့မှာပါ။ တနှစ်အတွင်း ဒေသဆိုင်ရာ အစည်းအဝေးနှင့် ဆွေနွေးမှု ပေါင်းစုံ (၇၀၀) ကျော်ကို လက်ခံကျင်းပပေးရမှာ ဖြစ်ပါတယ်။ ဒေသတွင်းမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေကို ဆွေးနွေးရာမှာ ဘယ်မြန်မာပညာရှင်တွေက ဦးဆောင်ကြမလဲ ဆိုတာ ပိတ်ကားပေါ်မှာ မကြာခင်မြင်ရတော့မှာ ဖြစ်ပါတယ်။
ဒေသတွင်းနှင့် နိုင်ငံတကာမှာ အဆင့်အတန်းမှီ နိုင်ငံတခု ဖြစ်လာရေး ဘယ်လို ပညာရေးနဲ့ ရင်ဆိုင်မလဲ၊ ရွာအမှုကျောင်းကိုပတ်တဲ့ ဘုန်းကြီးကျောင်းသင် ပညာရေးနဲ့ဘဲ ရင်ဆိုင်မလား၊ ခေတ်မှီ ပညာရေးစနစ်နဲ့ ရင်ဆိုင်မလား လက်ရှိအစိုးရနှင့် အတိုက်အခံတွေ အလေးထား စဉ်းစားရမယ့် အချိန် ဖြစ်တယ်လို့ ကောက်ချက်ဆွဲမိပါတယ်။
မောင်ရမ္မာ
Sources; Thais take lead on education in AEC



မြန်မာအပါဝင် အာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဆယ်စုနှစ်ငါးခုအတွင်း ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်အောင် လျှောက်လှမ်းခဲ့သည့် စင်္ကာပူမြို့ပြနိုင်ငံလေးရဲ့ အောင်မြင်မှုကနေ သင်ခန်းစာယူစရာတွေ တပုံတပင် ရှိနေသည်။
စင်္ကာပူရဲ့ အတွေ့အကြုံကို ‘ပိစိဖိတ် ပဉ္စလက်’ (Miracle of the Pacific) ဟု တင်စားကြသည်။ စင်္ကာပူက ထူးခြားထင်ရှားတဲ့ ပိစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်သလို၊ Apec ခေါ် အာရှပိစိဖိတ် နိုင်ငံအားလုံးမှ စီးပွားရေးအဖွဲ့တွေ ရုံးစိုက်ထားတဲ့ မြို့လည်း ဖြစ်သည်။
၁၉၅၀ ပြည့်လွန်နှစ်တွေကိုကြည့်ရင် စင်္ကာပူမှာ နိုင်ငံရေး တည်ငြိမ်မှုမရှိ။ ကွန်မြူနစ်တွေ ခေါင်းထောင်နေချိန် ဖြစ်သည်။ ဆင်းရဲသားရပ်ကွက်တွေနဲ့ တဲအိမ်တွေသာ ပြည့်နေသည်။ ဒါပေမဲ့ လီကွမ်ယူရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်မှုအောက်မှာ စင်္ကာပူဟာ မီးပုံထဲက ထပျံတဲ့ ဖီးနစ်ငှက်လို ထူးဆန်းစွာ နိုးထလာနိုင်ခဲ့သည်။
စစ်အေးခေတ် အယူဝါဒတွေ အငြင်းပွားနေချိန်ကစပြီး စနစ်ထက် အစိုးရအဖွဲ့ good governance ဖြစ်ဖို့ အရေးကြီးတယ်ဆိုတဲ့ အယူအဆနဲ့ စင်္ကာပူက လျှောက်လှမ်းခဲ့ပြီး၊ ယနေ့ ကမ္ဘာ့ အချမ်းသာဆုံးနှင့် ခေတ်အမှီဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာတဲ့ အထိဖြစ်သည်။
ယခု စကာင်္ပူနိုင်ငံသား တစ်ဦးချင်းတစ်နှစ်ဝင်ငွေက အမေရိကန် ဒေါ်လာ ၆၂၀၀၀ ရှိသောကြောင့် ကမ္ဘာ့ အချမ်းသာဆုံးနိုင်ငံ စာရင်းမှာ နံပါတ် (၅) ချိတ်နေသည်။ လူဦးရေ ၄.၇ သန်း ရှိတဲ့ မြို့ပြနိုင်ငံမှာ နိုင်ငံခြား အရန်ငွေကြေး အမေရိကန် ဒေါ်လာ ၂၂၅.၇ ဘီလီယံ ရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိကန် ပြည်ထောင်စုရဲ့ အရန်ငွေကြေးထက် နှစ်ဆနီးပါးခန့် ပိုသည်။ စီးပွားရေး လွတ်လပ်စွာ လုပ်ဆောင်နိုင်ခွင့်အရ ကမ္ဘာ့အဆင့်မှာ စင်္ကာပူက နံပါတ် (၂ ) ရှိသည်ဟု Freedom House နောက်ဆုံးအစီရင်ခံစာက ဖော်ပြသည်။
၁၉၆၅ ခုနှစ်ကမှ နိုင်ငံသစ်အဖြစ် မွေးဖွားလာတဲ့ စင်္ကာပူဟာ သဘာဝရင်းမြစ် တစိုးတစိမရှိဘဲ ဘာကြောင့် စီးပွားရေး အောင်မြင်မှု ဒီလောက်ဖြစ်လာရသလဲ။
အမေရိကန် မင်နီဆိုးတား တက္ကသိုလ်မှ နိုင်ငံတကာရေးရာ ပါမောက္ခ Gerald Wfry ကတော့ အဓိက အချက် သုံးချက်ကို ထောက်ပြသည်။
(၁) ပထ၀ီအနေအထား မဟာဗျူဟာကျမှု
(၂) ခေါင်းဆောင်မှု
(၃) ပညာရေး/ လူသားရင်းမြစ် ဖွံ့ဖြိုးမှု တို့ကြောင့်ဟု ဆိုသည်။

ခြင်္သေ့မြို့တော်ရဲ့ ပညာရေး ၇ ချက်
ဒီနေရာမှာ စင်္ကာပူ ပညာရေးကိုသာ ဦးစားပေး ဆွေးနွေးပါမည်။ စင်္ကာပူပညာရေးကိုကြည့်ရင် ပထမအချက်က ကွန်ဖျူးရှပ် အဆုံးအမ တန်ဖိုးများအပေါ် အခြေခံကျင့်သုံးထားတာကို တွေ့ရမည်။ ကွန်ဖျူးရှပ်က လူတစ်ဦးချင်းစီတိုင်း ပညာရေးကို အလေးထားဖို့၊ ဆရာတွေကို ရိုသေလေးစားဖို့၊ ကျောင်းသားတွေကို အစွမ်းကုန် မီးထိုးလှုံ့ဆော်ပေးဖို့ (high motivation) အထပ်ထပ် သွန်သင်ဆုံးမထားသည်။
ဒါကြောင့် စင်္ကာပူမှာ ကျောင်းဆရာတွေရဲ့ လစာက အမြင့်ဆုံးမှာ ရှိသည်။ ဆရာတွေကို ပရော်ဖက်ရှင်နယ် ဖြစ်လာအောင်၊ သင်ကြားရေးမှာ စွဲဆောင်မှုရှိအောင် တီထွင်ဆန်းသစ်မှုတွေလုပ်နိုင်ဖို့ ပုံအောအားပေးသည်။ ပညာရေးကို အရည်အသွေးမြင့်အောင် အစွမ်းကုန် မြှင့်တင်ကြိုးစားခြင်းကြောင့် စင်္ကာပူက ကမ္ဘာ့ထိပ်ဆုံးနေရာ ရောက်ရှိလာခြင်း ဖြစ်သည်။
နောက် အရေးပါတဲ့ ဒုတိယအချက်က စင်္ကာပူလူ့အဖွဲ့အစည်းက ဗဟုယဉ်ကျေးမှုဖြစ်ပြီး၊ ဘာသာစကား မျိုးစုံသုံးတဲ့ လူ့အဖွဲ့အစည်း ဖြစ်ခြင်းပင်။ ဘာသာစကားမျိုးစုံအသုံးပြုသော စိတ်နှင့် တီထွင်ဖန်တီးမှု အကြား ဆက်နွယ်မှု (the relationship between multilingual mind and creativity) ရှိတာကို အနောက်နိုင်ငံတွေကနေ စင်္ကာပူက သင်ခန်းစာယူထားသည်။ စင်္ကာပူနိုင်ငံသားတွေက မလေး၊ တမီလ်၊ တရုတ် ဒေသိယဘာသာစကား မျိုးစုံ အသုံးပြုသလို၊ ကျောင်းသားတွေက ကမ္ဘာ့အရေးပါဆုံး ဘာသာစကားနှစ်ခုဖြစ်တဲ့ အင်္ဂလိပ်နဲ့ မန်ဒရင်း ဘာသာစကားနှစ်ခုလုံးကို ကျွမ်းကျင်စွာ အသုံးပြုကြရသည်။
တတိယအချက်က ပညာရေးကို လက်တွေ့အကျိုးဖြစ်အောင် လုပ်ဆောင်ခြင်း (pragmatism) ဖြစ်သည်။ သိပ္ပံ၊ အင်ဖော်မေးရှင်း နည်းပညာနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အကယ်ဒမစ်နယ်ပယ်တွေကနေ တိုင်းပြည် စီးပွားရေး အကျိုးရလဒ်ထွက်လာအောင် ဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရက ကျောင်းသား အများအပြားကို ရွေးချယ်ပြီး အဆင့်မြင့်ပညာ အားကောင်းတဲ့ အမေရိက၊ ဥရောပနဲ့ ဩစတြေးလျတို့ကို စေလွှတ်ပြီး ပညာသင်ပေးသည်။
စတုတ္ထအချက်က လက်တွေ့ကျတဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးဖြစ်သည်။ ကျောင်းသားတွေကို ကျွမ်းကျင်မှုအပြည်နဲ့ လုပ်ငန်းခွင် ၀င်နိုင်အောင် polytechnic universities တွေမှာ ထရိန်နင်ပေးခြင်း ဖြစ်သည်။
ပဉ္စမအချက်က အစိုးရ ပေါ်လစီမှာ အသိပညာစီးပွားရေး (knowledge economy) ကို အဓိက ဦးစားပေးခြင်း ဖြစ်သည်။ ၀န်ကြီးချုပ် ဂိုချောက်တောင် ဆိုရင် စင်္ကာပူကို ‘အာရှရဲ့ ဘော်စတွန်’ ဖြစ်စေရမယ်ဟု ကြွေးကြော်ခဲ့သည်။ အမေရိကန် ဘော်စတွန်မြို့ကြီးမှာ တီထွင်ဖန်တီးသူတွေနဲ့ အန်ထရာပရာနား ခေါ် လုပ်ငန်းရှင်တွေ မပြတ်မွေးထုတ်ပေးနေတဲ့ ဟားဗတ်နဲ့ MIT တက္ကသိုလ်တို့ အပါအ၀င် အဆင့်မြင့် ပညာရေးစင်တာများ စုဝေးနေတာကို အားကျ ပြောဆိုခြင်း ဖြစ်သည်။
ဆဌမအချက်က ဂလိုဘယ်လိုက်ဇေးရှင်းစနစ်ကို အသုံးချနိုင်ခြင်း ဖြစ်သည်။ စင်္ကာပူရဲ့ ဖွံ့ဖြိုးမှုမှာ နိုင်ငံတကာ ပညာရေး၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ နိုင်ငံခြားခရီးသွားလုပ်ငန်း၊ သတင်းဆက်သွယ်ရေး ဗဟိုချက်ဖြစ်မှုတို့က အဓိကကျသည်။ မလေးရှားနဲ့ ထိုင်းတို့မှာ အလားတူ လုပ်ငန်းတွေရှိပေမဲ့၊ စင်္ကာပူရဲ့ အဓိကအားသာချက်က အာရှ ပိစိဖိတ်ဒေသနိုင်ငံတွေအနက် အင်္ဂလိပ်စာကို အကောင်းဆုံးပြောနိုင်တဲ့ ၄င်းလူထု ရှိနေခြင်း ဖြစ်သည်။ (ထိုင်းနိုင်ငံရဲ့ အဓိက အားသာချက်ကတော့ လုပ်သားအင်အား ဈေးသက်သာခြင်းနှင့် နိုင်ငံခြားခရီးသွားတွေကို စွဲဆောင်နိုင်တဲ့ နေရာအများအပြား ရှိခြင်း ဖြစ်သည်။)
နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်က စင်္ကာပူမှာ နိုင်ငံသားပညာရေး (ပြည်သူ့နီတိ ပညာရေး) ကို ဖွံ့ဖြိုးအောင် အထူးပြုလုပ်ဆောင်ခြင်း ဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘ၀နေထိုင်မှု၊ ဥပဒေ ရိုသေလိုက်နာမှု၊ နိုင်ငံကြီးသားစိတ် ဖွံ့ဖြိုးမှု မရှိဘဲ ကမ္ဘာ့ရှေ့တန်း မရောက်နိုင်ဘူးဆိုတာကို စင်္ကာပူ ပညာတတ်ခေါင်းဆောင်တွေက ကောင်းစွာ သိထားကြသည်။ ဒါ့အပြင် စင်္ကာပူ ပညာရေးကို အမြဲတမ်း တိုးတက်မြှင့်တင်နေဖို့အတွက် အမေရိကန် ယေးလ် တက္ကသိုလ်နဲ့ ပူးပေါင်းပြီး Yale- NUS လစ်ဘရယ်ပညာရေး ကောလိပ်ကို ဖွင့်ထားသည်။
အချုပ်ဆိုရရင် စင်္ကာပူမြို့ပြနိုင်ငံ ကမ္ဘာ့ထိပ်ဆုံးရောက်တဲ့အထိ အောင်မြင်မှုရလာခြင်းမှာ ခေတ်သစ် အဆင့်မြင့်ပညာရေး လိုအပ်ချက်များကို အစွမ်းကုန် ဖြည့်ဆည်းမှုနှင့် ရိုးသားပြီး ထိုးထွင်းဖန်တီးနိုင်စွမ်းသော ခေါင်းဆောင်မှုတို့ကြောင့်ဟု ပညာရှင်များက သုံးသပ်ကြသည်။
ဝင့်ထန်း
ရည်ညွှန်း; The Nation


ဒီခေတ်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပျူတာတွေခေတ်စားနေတော့ နိုင်ငံရေးဆိုတာကို မေ့ထားကြတာ များတယ်။ နိုင်ငံရေးကိုမေ့နေတော့ နိုင်ငံရေးသမားတွေ လုပ်ချင်တာလုပ် ခေါင်းငုံ့ခံရတယ်။
နိုင်ငံရေးကို သိစရာမလိုဘူးလို့ သဘောထားတော့ သူများပြောသမျှ အဟုတ်ထင်တတ်တယ်။ နိုင်ငံရေးကို ငါတို့နဲ့ မဆိုင် ပါဘူးလို့ထင်တော့ ကိုယ်တိုင်ခေါင်းဆောင်နိုင်တဲ့ အရည်အချင်းတွေ ပျောက်ကုန်ပြီး ဟိုလူ့နောက် လိုက်ရ နိုးနိုး၊ သည်လူ့နောက်လိုက်ရနိုးနိုး၊ ဟိုလူပြော ကောင်းနိုးနိုး၊ သည်လူပြော ကောင်းနိုးနိုးဖြစ်လာကြတယ်။
တိုင်းပြည်တစ်ပြည်မှာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ အိုင်တီပညာရှင်တွေချည်း လိုအပ်တာမဟုတ်ပါ ဘူး၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေးဝေဖန်ဆန်းစစ်သူတွေ၊ နိုင်ငံရေးလေ့လာသူတွေ အများကြီး လိုပါတယ်။ အနာဂတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ နိုင်ငံရေအကြောင်း ကောင်းကောင်း သိသူတွေ လိုအပ်ပါတယ်။
ခေါင်းဆောင်ကောင်းဖြစ်ရေး၊ နိုင်ငံတော်တည်ဆောက်ပြုပြင်ရေးမှာ နိုင်ငံရေးအကြောင်းသိသူတွေ မွေးထုတ်ပေးဖို့လိုပါတယ်။ ဒါကြောင့် အမေရိကန်ပြည်ထောင်စုမှာ ပညာသွားရောက်သင်ကြားဖို့ အခွင့် အရေးလည်းရမယ်၊ နိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလည်း စိတ်ပါဝင်စားတယ်၊ သင်ကြားလိုပါတယ်ဆိုတဲ့သူတွေအတွက် အမေရိကန်မှာရှိတဲ့ နိုင်ငံရေးသိပ္ပံကျောင်းတွေကို ဖော်ပြလိုက်ပါတယ်။

1.    Harvard University

တစ်နိုင်ငံလုံးက နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ပတ်သက်ပြီး အကောင်းဆုံးသင်ကြားနိုင်တဲ့ကျောင်းလို့ သတ်မှတ်ထားကြပါတယ်။  ဟားဗတ်သင်ရိုးတွေမှာ သမိုင်းရေးဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ လူ့ဘောင်အဖွဲ့ အစည်းနဲ့ ယဉ်ကျေးမှုဆိုင်ရာအမြင်နဲ့ ချဉ်းကပ်မှု၊ ဒဿနိကဗေဒဆိုင်ရာ အတွေးအမြင်နဲ့ချဉ်းကပ်မှုဆိုပြီး နိုင်ငံရေးသိပ္ပံဘာသာရပ်ကို သင်ကြားပါတယ်။
ဒီနှစ်ပိုင်းတွေမှာ Government Department ဆိုတာ ထပ်ဖွင့်ပြီး နိုင်ငံရေးကို အရေအတွက်အရတိုင်းတာမှု၊ အပြုအမူအရတိုင်းတာမှု၊ အစဉ်အလာသဘောတရား အရတိုင်းတာမှုဆိုတာတွေကို ထပ်မံတိုးချဲ့ သင်ကြားပေးနေတယ်။ နိုင်ငံရေးကို သမိုင်းရေးအမြင်၊ ခေတ်ရေးအမြင်နှစ်ရပ် ပေါင်းစပ်သင်ကြားတာကြောင့် ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ လုံလောက် တဲ့အခြေခံတွေ ပါသွားနိုင်ပါတယ်။ ဟားဗတ်မှာကျောင်းတက်သွားပြီး အမေရိကန်နိုင်ငံသမ္မတဖြစ်နေသူ ၇ ဦးလောက်ရှိပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ထူးခြားချက်တစ်ခုက ကမ္ဘာ့အကြီးဆုံး တက္ကသိုလ်စာကြည့် တိုက်ကြီးကို ထူထောင်ထားနိုင်တာပါ။ အဲဒီကျောင်းလောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ program တွေ၊ seminar တွေပေါတာလည်း မရှိပါဘူး။ နိုင်ငံရေးသိပ္ပံကိုသင်ရင်း ကျောင်းသားတွေဟာ လူတစ်ဦးချင်း လိုက် နာစောင့်ထိန်းအပ်တဲ့ စည်းမျဉ်းတွေနဲ့ အသားကျသွားမှာဖြစ်လို့ သိပ်ပြီးပူပင်စရာမလိုတဲ့နေရာတစ်နေရာ လည်းဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာအထောက်အပံ့တွေ၊ ပညာသင်ဆုတွေ၊ ဂုဏ်သတင်းကျော်စောမှုတွေ ကြောင့် နိုင်ငံရေးသိပ္ပံကို စိတ်ဝင်စားတဲ့သူတွေ ဟားဗတ်ကျောင်းကိုသာ ဦးစားပေးအနေနဲ့ ရွေးချယ်လေ့ ရှိကြတယ်။
2.    Yale University
 
ယေးလ်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကတော့ ကမ္ဘာအနှံ့ကျော်ကြားပြီးသားပါ။ နိုင်ငံရေးသိပ္ပံကို ဒဿနိကဘာသာရပ်နဲ့ တွဲဖက်ထားပြီး ခေါင်းဆောင်နိုင်သူတစ်ယောက်ရဲ့ အတွေးအမြင်တွေကို ရင့် ကျက်အောင်လေ့ကျင့်သင်ကြားပေးနေတဲ့ နေရာတစ်နေရာလည်းဖြစ်ပါတယ်။ နိုင်ငံရေးသိပ္ပံမှာ Health Policy, Globalization, Social and Policy Studies ဆိုတဲ့ဘာသာရပ်တွေကို ထပ်မံတိုးချဲ့သင်ကြား ပေးနေတဲ့အပြင် Ethics, Politics, Economics ဘာသာရပ်တွေကိုလည်း မလပ်အောင် သင်ကြားပေး နေတယ်။ ပညာသင်ထောက်ပံ့ကြေးတစ်နှစ်ကို ဒေါ်လာ ၂၅၀၀၀၀ လောက်ပေးဖို့အစီအစဉ်တွေလည်း ရှိတာကြောင့် ကျောင်းသားအများစု စိတ်ဝင်စားကြတယ်။ အမေရိကန် သမ္မတ ၅ ဦးဟာ ယေးလ် ကျောင်းထွက်တွေဖြစ်ပါတယ်။
3.    Princeton University
 
အမေရိကန်ပညာရေးသမိုင်းမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်ကို အကောင်းဆုံးသင်ကြားနိုင်တဲ့ ကျောင်း တစ်ကျောင်းအဖြစ် နာမည်ကြီးတယ်။ အစဉ်အလာကြီးတဲ့ နိုင်ငံရေးသိပ္ပံဌာနကိုလည်း ဖွင့်လှစ်ထား တယ်။ နိုင်ငံရေးသိပ္ပံဌာနမှာ ဆရာ ၆၀ လောက်ရှိတယ်။ အကြီးဆုံနိုင်ငံရေးသိပ္ပံဌာနလို့လည်း ပြောနိုင် တယ်။ နည်းပညာနဲ့သင်ကြားမှုအပိုင်းမှာလည်း ထိပ်တန်းရောက်နေတဲ့တက္ကသိုလ်ပါ။ Seminar တွေ၊ ဆွေးနွေးပွဲတွေ၊ သုတေသနတွေအများကြီးလုပ်ပေးနေတဲ့အတွက် ကျောင်းသားတွေအတွက် အခွင့် အလမ်းကောင်းတွေ အများကြီးရနိုင်တဲ့ နေရာတစ်နေရာလို့ပြောနိုင်တယ်။
4.    Stanford University
 
စတန်းဖို့ဒ်တက္ကသိုလ်က ကျောင်းသားတွေကို ပါရဂူဘွဲ့လောက်ယူနိုင်သူတွေဖြစ်အောင် လေ့ကျင့် သင်ကြားပေးနေပါတယ်။ နှစ်စဉ် ပါရဂူဘွဲ့အတွက် ၁၂ ယောက်ကနေ ၁၅ ယောက်လောက်အထိ ပါရဂူဘွဲ့တန်းကို တက်ရောက်ဖို့ ရွေးချယ်ကြတယ်။ ဒီကျောင်းရဲ့ ထူးခြားချက်က ဆရာနဲ့ကျောင်းသား သင်ကြားမှုအချိုး အရမ်းနည်းတယ်။ ငွေကြေးဆိုင်ရာ အထောက်အပံ့တွေကိုလည်း ရွေးချယ်ခွင့်ရှိ တယ်။ American Politics, Comparative Politics, International Relations, Political Methodology, Political Institutions, Political Theory တွေကို ရွေးချယ်သင်ကြားခွင့်ရှိတယ်။
5.    University of California, Berkeley
 
နိုင်ငံရေးသိပ္ပံဘာသာရပ်သင်ကြားနေတဲ့ကျောင်းတွေထဲမှာ အကောင်းဆုံးစာရင်းဝင်ပါတယ်။ နိုင်ငံရေး သိပ္ပံဌာနမှာ ဆရာ ၅၂ ယောက်ရှိတယ်။ ခေါင်းဆောင်ကောင်း၊ စည်းကမ်းဥပဒေ၊ နိုင်ငံရေးဘာသာရပ် တွေကို သင်ကြားပို့ချပေးနေပါတယ်။ ဒီဌာနကဆရာတွေက အခြား လူမှုဗေဒ၊ ဘောဂဗေဒ၊ ဥပဒေ၊ စီးပွားရေးစတဲ့ဌာနတွေမှာလည်း နိုင်ငံရေးသိပ္ပံနဲ့ ပတ်သက်ပြီးသွားသင်ပေးရတယ်။ ဝေဖန်ဆန်းစစ်တဲ့ အတွေးအမြင်ဆိုင်ရာစာပေတွေလေ့လာဖတ်ရှုစေခြင်း၊ ပိုင်းခြားစိတ်ဖြာတဲ့အမြင်နဲ့ ရေးသားပြုစုစေခြင်း တွေကိုလေ့ကျင့်ပေးလို့ ကျောင်းသားတွေအတွက် အကျိုးများစေတယ်။ ဆရာကျောင်းသားအချိုးက 18:450 နှုန်းသတ်မှတ်ပြီး သင်ကြားပေးနေတယ်။ ဆရာတစ်ယောက် ကျောင်းသား ၂၅ ယောက်နှုန်း လောက်ရှိမယ်။
6.    University of Michigan, Ann Arbor
 
နိုင်ငံရေးသိပ္ပံဘာသာရပ် သင်ကြားမှုမှာ အစဉ်အလာကြီးတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ ပထမဦး ဆုံး နိုင်ငံရေးသိပ္ပံကျောင်းတော်သားတွေကို ပညာရှင်ပုံစံမျိုးဖြစ်အောင် ရိုက်သွင်းတယ်။ နောက်ပိုင်း ဒီကျောင်းထွက်တွေဟာ သင်ကြားရေးပိုင်းတွေ၊ သုတေသနအပိုင်းတွေမှာ ထူးချွန်သူတွေဖြစ်လာတယ်။ ကျောင်းသားတွေအတွက် ဘာသာရပ်ဆိုင်ရာ အခွင့်အလမ်းတွေနဲ့ ရွေးချယ်သင်ယူနိုင်ခွင့်တွေ အများ ကြီး စီစဉ်ပေးထားတယ်။ ကိုယ်စိတ်ဝင်စားတဲ့ဘာသာရပ်၊ လိုအပ်တဲ့ဘာသာရပ်ကို လေ့လာသင်ကြား နိုင်တယ်။
7.    University of Chicago
 
ပထမဦးဆုံး နိုဗယ်ဆုရ နိုင်ငံရေးသိပ္ပံပညာရှင်ထွက်ပေါ်ခဲ့တဲ့ ကျောင်းဖြစ်ပါတယ်။ ဟားဗတ် ဆိုင်မွန်ဆိုသူဟာ ဒေါက်တာဘွဲ့ကို ဒီကျောင်းကရပြီး နိုဗယ်ဆုကိုလည်း ရရှိခဲ့တယ်။ ဒီကျောင်းရဲ့ထူး ခြားချက်က အစဉ်အလာပညာသင်ကြားရေးစနစ်တွေကို ရိုက်ချိုးဖျက်ပြီး ခေတ်သစ် စနစ်သစ်နဲ့ ကိုက်ညီအောင် သင်ကြားတယ်ဆိုတာကို ဂုဏ်ယူနေတယ်။ စည်းကမ်းအကောင်းဆုံး၊ တီထွင်သင်ကြား မှုအကောင်းဆုံးပညာရေးစနစ်ကိုပိုင်ဆိုင်ထားတဲ့ ကျောင်းတစ်ကျောင်းအနေနဲ့ နာမည်ကျော်ပါတယ်။
8.    Duke University
 
အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနိုင်ငံရေးသိပံ္ပဌာနကြီးတစ်ခုရှိတယ်။ ဘွဲ့ရကျောင်းသားတွေရဲ့ သင်ကြားမှု ပရိုဂရမ်အမှတ်ပေးခြင်းမှာ နံပါတ် ၂ အကောင်းဆုံးကျောင်းတစ်ကျောင်းဖြစ်တယ်။ ဘာသာခွဲတွေ အနေနဲ့ American Politics, Comparative Politics, International Relations, Political Theory and Methods ဘာသာရပ်တွေကိုပါ သင်ကြားပေးတယ်။ Race, Ethnicity, Politics ဘာသာရပ်တွေ ကိုလည်း သီးခြားဘာသာရပ်အနေနဲ့ ထပ်မံလေ့လာနိုင်တယ်။ ဘွဲ့ရပြီး ဘွဲ့လွန်တန်းတက်နေသူတွေက ကျောင်းသားတစ်ယောက် ဆရာနှစ်ယောက်နှုန်းလောက်နဲ့ သင်ကြားပေးတယ်။
9.    University of California, Los Angeles
 
နိုင်ငံရေးသိပ္ပံဘာသာရပ်မှာ ဘာသာခွဲတွေအနေနဲ့ Political Theory, International Relations, American Politics, Comparative Politics, Methodology, Race, Ethnicity and Politics ဘာသာ ရပ်တွေကို သင်ကြားရတယ်။ နိုင်ငံရေးဘောဂဗေဒ၊ နိုင်ငံရေးများကို နှိုင်းယှဉ်လေ့လာခြင်း၊ နိုင်ငံရေး သဘောတရားနှင့်လက်တွေ့ပညာရပ်တွေကိုသင်ကြားရာမှာ အထူးနာမည်ကြီးတယ်။
10.    Massachusetts Institute of Technology
 
MIT ဆိုတာကတော့ သုတေသနပြုလုပ်ရာမှာ နာမည်ကျော်တဲ့ ကျောင်းကြီးတစ်ကျောင်းဖြစ်ပါတယ်။ ဒီကျောင်းရဲ့ နိုင်ငံရေးသိပံ္ပဌာနမှာ American Politics, Comparative Politics, International Relations, Models and Methods, Political Economy, Security Studies ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။ ကျောင်းသားကို အနည်းငယ်ပဲလက်ခံတယ်။ ဘွဲ့ကြိုတန်းရောက်ရင် seminar ပုံစံတွေနဲ့ပဲ သွားတော့တယ်။
နည်းပညာရှင်တွေအများကြီးထွက်တဲ့ကျောင်းမှာ နိုင်ငံရေးသိပ္ပံကျောင်း တစ်ကျောင်းအနေနဲ့ ထိပ်ဆုံး ၁၀ ကျောင်းထဲစာရင်းဝင်တာကတော့ သာမန်မဟုတ်ဘူးလို့ဆိုရမယ်။
တင်ညွန့်
http://www.maukkha.org/index.php/book-store/reading-room-maukkha/1739-maukkha-political-school-10-from-usa

Second time flooding at Our place


During the flooding time , many properties had lost such as data collection papers and books and others objects at our room properly about 3,000 bath. I heared many bad news around Bangkok area at same time many people die due to the flooding. According to BBC News, "More than 500 people are now known to have diedflooding in ... 6 November 2011 Last updated at 05:32 ET ... The number of people killed by months of flooding in northern in months of Thailand"  this is very bad news . we are also so upset until now becaus wwe have no electricity, water, internet at our domitories especilly on the Ground floors . flooding is already gone but those affect is coming arising higher and higher because our schlool has beeing opened on 9, january 2011, however most of the student don't wanna stay at domitories because nothing completed to stay. This monring we found second flooding time at the same year in our domatory (B). There  has a cleaner room without living any student , those room had been  water move up like a flooding in this morning because all of monks and novices come down to clear bodies or bring water from there. I don't know why the university securities persons don't prepare  to domatories what necessaries things early before student come in. May be they will have some difficulties to do.